ဝါတွင်းကာလ နိုင်ငံခြားသား အိမ်ခြံမြေအငှား ပိုအားထားနေရ


လက်ရှိ ပြည်တွင်းအိမ်ခြံမြေအငှားဈေးကွက်သည် မိုးတွင်းကာလအတွင်း၌ နိုင်ငံခြားသားများကိုသာ အားထားနေရကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

''မိုးရာသီဆိုရင် နိုင်ငံခြားသားအငှားကိုပဲ အဓိကအားထားပြီး ဈေးကွက်ရှာရတယ်၊ ပြည်တွင်းက အငှားရှိပေမဲ့ ရှားတယ်၊ ဒီဝါတွင်းကာလထဲမှာ လုံးချင်းရောင်းပေးရတာမျိုး မရှိသေးဘူး''ဟု Paradise အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုဖြိုးသူအောင်က ဆိုသည်။

အများအားဖြင့် အငှားဈေးကွက်တွင် နိုင်ငံခြားသားအငှားဈေးကွက်နှင့် ရုံးခန်းအငှားဈေးကွက်တို့မှာ ဝါတွင်းကာလဖြစ်သောကြောင့် ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန်လည်ပတ်နေကြောင်း EstateMyanmar Real Estate Agency မှ ဒေါက်တာထူးမြတ်နိုင်က ပြောသည်။

မိုးတွင်းကာလတွင် ပြည်တွင်းအရောင်းအဝယ်အားဖြင့် ငွေကျပ် သိန်း ၁,၅ဝဝ ဝန်းကျင်ရှိ ခြံမြေများသာ ဈေးကွက်အတွင်း အနည်းငယ်အရောင်းအဝယ်ရှိကြောင်းလည်း ကိုဖြိုးသူအောင်က ဆိုသည်။

''အရောင်းကတော့ အရင်ရှိခဲ့တဲ့ ပေါက်ဈေးတွေထက် ၁ဝ ရာခိုင်နှုန်းကနေ ၂ဝ ရာခိုင်နှုန်းလောက် လျော့နေပေမဲ့ တကယ်လိုချင်တဲ့သူတွေလောက်ပဲ ဝယ်ကြတယ်၊ အငှားက အရမ်းတော့ မသွက်ဘူး၊ အေးတဲ့ဘက်ကိုတော့ ရောက်တယ်''ဟု ဒေါက်တာထူးမြတ်နိုင်က မိုးရာသီ အိမ်ခြံမြေဈေးကွက်အခြေအနေကို ပြောပြသည်။

ဝါတွင်းကာလဖြစ်သောကြောင့် ပြည်တွင်းအငှား ဈေးကွက်တွင် အငှားအများဆုံးဖြစ်သော ငွေကျပ်နှစ်သိန်းမှ ငါးသိန်းဝန်းကျင်ရှိအခန်းများမှာ အငှားဈေးကွက်တွင် အနည်းငယ်အေးစက်နေကြောင်းလည်း ၄င်းက ဆိုသည်။

လက်ရှိဈေးကွက်ထဲတွင် တစ်လငှားရမ်းခ အမေရိကန်ဒေါ်လာ ၃ဝဝ နှင့် ၁,၅ဝဝ ကြားရှိ အခန်းများမှာ အငှားသွက်လျက်ရှိကြောင်း သိရသည်။

ကမာရွတ်နှင့် ရန်ကင်းမြို့နယ်များသည် နိုင်ငံခြားသားအငှားအများဆုံးဖြစ်ပြီး သာကေတနှင့် တောင်ဥက္ကလာမြို့နယ်များသည် ပြည်တွင်းအငှားအများဆုံးမြို့နယ်များဖြစ်ကြောင်းလည်း ကိုဖြိုးသူအောင်က ဆိုသည်။
Credit; Myanmar Time

Related News


ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများကို မထိန်းချုပ်နိုင်လျှင် မြန်မာ့ရေချိုငါးများ မျိုးတုံးပျောက်ကွယ်တော့မည်…

ကြေငြာတင်ခဲ့သည့်နေ့ 2020-01-20

သြစတေးလျနိုင်ငံမှာ ပိုးသတ်ဆေးအမျိုး ၂ဝ လောက် ခွင့်ပြုပေးလိုက်လို့ တစ်နိုင်ငံလုံး ကန့်ကွက်မှုတွေ၊ ဝေဖန်မှုတွေ ပွက်လောညံနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာတော့ ပိုးသတ်ဆေး၊ ပေါင်...
ဆက်ကြည့်ရန်

** ကျပ် (၆၆)သိန်းမှစ၍ အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် အိမ်ခန်းများ ဝယ်ယူနိုင်ပြီ **

ကြေငြာတင်ခဲ့သည့်နေ့ 2020-01-17

အဆိုပါ အိမ်ရာစီမံကိန်းများမှာ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ သန်လျင်မြို့နယ်များမှဖြစ်ပြီး အခန်းတန်ဖိုးကျပ် (၆၆)သိန်းမှ ကျပ်သိန်း(၆ဝဝ)အထိ တန်ဖိုးနည်း၊ တန်...
ဆက်ကြည့်ရန်

အခွန်အကောက်ဥပဒေကြမ်းနှင့် လှုပ်ရှားလာနိုင်သည့် အိမ် ခြံ မြေ ဈေးကွက်

ကြေငြာတင်ခဲ့သည့်နေ့ 2019-08-26

''လာဗျာ ဦးသက်နိုင်''

 

စာရေးသူ၏ ရုံးခန်းတံခါးဝရှေ့တွင် ရောက်ရှိနေသော ဦးသက်နိုင်ကို စာရေးသူက လှမ်း၍ ခရီးဦးကြိုပြု လိုက်ခြင်းဖြစ်ပါသည်။

 

''မြို့တော် စည်ပင်ရုံးကိုလာရ...
ဆက်ကြည့်ရန်

ပါမစ် (Permit) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင်သတိပြုသင့်သောကိစ္စရပ်များ

ကြေငြာတင်ခဲ့သည့်နေ့ 2019-08-26

၁။ မြို့သစ်များတွင် သက်ဆိုင်ရာက ကနဦးအနေဖြင့် ပါမစ်ဖြင့် မြေကွက်ချထားခြင်းဖြစ်ပါသည်။ မြေဂရန်ကို နောင်မှ ဆက်လက်ထုတ်ပေးခြင်း ပြုပါသည်။ မြေကွက်တွင် နေထိုင်ခွင့်ပါမစ် ရရှိသူတို့...
ဆက်ကြည့်ရန်

အိမ်ဂရန်ကို အပေါင်ထားကာငွေချေးယူထားပြီး ပြန်မဆပ်နိုင်ပါက အိမ်ကိုသိမ်းဆည်းနိုင်ပါသလား

ကြေငြာတင်ခဲ့သည့်နေ့ 2019-08-26


အိမ်ဂရန်ကို အပေါင်ထားတယ်ဆိုတာ ရပ်ကွက်ထဲမှာ ထားတာလား၊ ဒါမှမဟုတ်ရင် ဘဏ်မှာ အပေါင်ထားတာလား ။ ရပ်ကွက်ထဲမှာ အပေါင်ထားရင် အဲ့ဒီလူသည် အပေါင် ခံခွင့် ၊ ပိုင်ခွင့် ရှိရဲ့လား ဆိုတဲ့အပု...
ဆက်ကြည့်ရန်

Top