** ကျပ် (၆၆)သိန်းမှစ၍ အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် အိမ်ခန်းများ ဝယ်ယူနိုင်ပြီ **

အဆိုပါ အိမ်ရာစီမံကိန်းများမှာ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ သန်လျင်မြို့နယ်များမှဖြစ်ပြီး အခန်းတန်ဖိုးကျပ် (၆၆)သိန်းမှ ကျပ်သိန်း(၆ဝဝ)အထိ တန်ဖိုးနည်း၊ တန်ဖိုးသင့် အခန်းများကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အခန်းအကျယ်အဝန်းအားဖြင့် ၃၂၄ စတုရန်းပေ မှစ၍ ၁,၁၀၀ စတုရန်းပေ အထိ အခန်းတန်ဖိုးအလိုက် ကွာခြားမည်ဖြစ်သည်။

အိမ်ခန်းဝယ်ယူလိုသူများအနေဖြင့် ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွင် (၃၁.၁၂.၁၉) ရက်နေ့အထိ အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်ထားရှိပြီး စုဆောင်းငွေ အနည်းဆုံးကျပ် ( ၃၀ )သိန်း ရှိရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အိမ်ခန်းဝယ်ယူလိုလျှင် ဇန်နဝါရီ ၂၄ ရက်နောက်ဆုံးထား အမည်စာရင်းပေးသွင်းရမည်ဖြစ်ပြီး အမည်စာရင်း ပေးသွင်းရာ၌ ဘဏ်စာအုပ်မူရင်းနှင့်အတူ မိတ္တူယူဆောင်၍ အမှတ်(၂၂၈/၂၃၄) ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့၊ (မြေညီထပ်-Gallery)သို့ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အမည်စာရင်းများကို အခန်းအရေအတွက်ပေါ်မူတည်၍ CHID Bank ၏ Down payment Seniority အလိုက် ဇန်နဝါရီ ၂၈ ရက်တွင် ကြေငြာမည် ဖြစ်ပြီး ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်များတွင် မဲနှိုက်ရောင်းချပေးသွား မည် ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အချက်အလက်များကို အသေးစိတ်သိရှိလိုပါက CHID Bank Facebook Page & DUHD Sale Housing Facebook Page Poze ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

@credit May Thu Thu ( Yangon Directory )
Source; ဆောက်လုပ်ရေးဝန်ကြီးဌာန

Top