အုန်းသီးဖြင့် ပြုလုပ်နိုင်သော အရာများ

မြန်မာပြည်မှာ အပေါဆုံး အသီးအနှံတွေထဲ အုန်းသီးလည်း ပါပါတယ်။

မြန်မာတွေက အုန်းသီးကို မုန့်လုပ်စား အ​ရေသောက် အဆင့်ထက် ဘာမှ ပိုမလုပ်တတ်ကြပါဘူး။ ရှေးခေတ်ကလည်း ဒီလိုပဲသုံးတယ်၊ဒီခေတ်အထိလည်း ဒါပဲသုံးတတ်ပါတယ်။

အလွတ်ကျက် ပညာရေးစနစ်ရဲ့ ဆိုးကျိုးကြောင့် မြန်မာတွေမှာ တီထွင်ဖန်တီးနိုင်စွမ်းတွေ ကျဆင်းကုန်ရတာပါလို့ ပြောရရင် အပြုသဘော မဆောင်သလိုများ ဖြစ်သွားသလားပါပဲ။

ထိုင်းနိုင်ငံမှာတော့ အုန်းသီးကို ပုံစံမျိုးစုံနဲ့ စားသောက်ကြသလို အသီးတစ်ခုလုံး ဘယ်အရာမှ လွှင့်မပစ်ရအောင်အထိ ကုန်ချောတွေ ထုတ်ကြရောင်းကြပါတယ်။ လက်ရာတွေကလည်း အလွန်မှ ပြောင်မြောက်လှပါတယ်။ ပြည်ပအထိ ပို့ကြရင်း နိုင်ငံခြား ဝင်ငွေတွေလည်း ရကြတာပါပဲ။ကျနော်တို့တွေကရော ဒီအတိုင်းပဲ ရပ်နေကြတော့မလား။

 

Top