Coronavirus ရောဂါကာကွယ်ရန် Mask ကို အသုံးပြုရာတွင် လိုက်နာသင့်သည့်အချက်များ

 

သာမန်ပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကိုဘယ်လိုအချိန်တွေမှာ အသုံးပြုရမလဲဆိုတာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်များကို အောက်မှာဖော်ပြပေးထားပါသည်။

(Mask) ကို ဘယ်လိုလူတွေ အသုံးပြုသင့်တာလဲ

ဖျားခြင်း၊ နှာချေ၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း စသည့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိသူများသည် ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) ကိုအသုံးပြုရပါမည်။

အထက်ပါရောဂါလက္ခဏာရှိသူကို အနီးကပ် ပြုစုစောင့်ရှောက်နေသူများသည်လည်း ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) ကိုအသုံးပြုရပါမည်။

အထက်ပါရောဂါလက္ခဏာရှိသူကို ပြုစုကုသနေသော ကျန်းမာရေးဝန်ထမ်းများအနေဖြင့်မူ အခြေအနေအပေါ်မူတည်၍ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) သို့မဟုတ် N95 Mask ကိုအသုံးပြုရပါမည်။

အထက်ပါအခြေအနေများမှလွဲ၍ သာမန်ပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကိုအသုံးပြုရန် မလိုအပ်ပါကြောင်း ကမ႓ာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါသည်။

 

2019 Novel Coronavirus အဆုတ်ရောင်ရောဂါ ကာကွယ်နိုင်ရန် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ

(၁) Surgical Mask ကိုအသုံးပြုရာတွင် အရောင်ပိုရင့်သည့် မျက်နှာပြင်ကို အပြင်ဘက်တွင် ထားရှိပါ။
(၂) ပါးစပ်နှင့် နှာခေါင်း နှစ်ခုစလုံးကို လုံခြုံအောင် ဖုံးအုပ်ပါ။
(၃) Mask ၏ ဘေးအနားစွန်းများနှင့် မိမိ၏ မျက်နှာကြားတွင် လစ်ဟာမှု (Gap) မရှိစေရပါ။
(၄) Mask အသုံးပြုနေစဉ် Mask ကို လက်ဖြင့် ထိတွေ့ကိုင်တွယ်ခြင်း မပြုရပါ။
(၅) Mask ကို ဖယ်ရှားမည်ဆိုပါက Mask အနောက်ဘက်ရှိ ကြိုးကိုသာ ကိုင်တွယ်ဖယ်ရှားပါ။
(၆) Mask ကို ဖယ်ရှားပြီးပါက မိမိ၏ လက်ကို စနစ်တကျ ပြန်လည်ဆေးကြောပါ။
(၇) မိမိအသုံးပြုနေသော Mask သည် စိုစွတ်လာပါက Mask အသစ်တစ်ခုနှင့် လဲလှယ်အသုံးပြုပါ။
(၈) အသုံးပြုပြီးသား Mask များကို ပြန်လည်၍ အသုံးမပြုရပါ။
(၉) ချည်ထည်၊ ပိတ်စအဝတ်တို့ဖြင့် ပြုလုပ်ထားသည့် Mask များကို အသုံးမပြုရပါ။

ဝူဟန်မြို့မှ ပြန်လည်ခေါ်ယူလာသည့် ကျောင်းသား/သူ ၅၉ ဦး၏ ကျန်းမာရေးကို ၁၄ ရက်တိတိ စောင့်ကြည့်မည်

Credit ; @Yangon Directory

Ref; Ministry of Health and Sports, Myanmar, WHO

Top